စလင်းမြို့နယ်တွင် အိမ်ထောင်စု(၂၈၈) စုတို့အား သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချ

စလင်း  ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ  စားသုံးသူ ပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေးခြင်းကို  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်ကြီးကြပ်၍ ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ  မြေမိကုန်းရပ်ကွက်  စလင်းဆင်ဖြူကျွန်းကားလမ်းဘေး မြေမိကုန်ရပ်ကွက်လမ်းဆုံ၌ ဇူလိုင်(၇) ရက်နံနက်(၈)နာရီအချိန်က စတင်ရောင်းချပေးခဲ့ကြောင်း  သိရသည်။

အဆိုပါရောင်းချမှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆန်စက်လုပ်ငန်းရှင်များ ဦးဆောင်ကြီးကြပ်၍ စားသုံးသူ  ပြည်သူများအား တစ်ဦးလျှင်  ဧရာပဒေသာဆန် (၁)ပြည်နှုန်းဖြင့်  ရောင်းချပေးခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ ပြည်သူများစားနပ်ရိက္ခာဖြစ်သည့် ဧရာပဒေသာဆန်များကို မည်သူမဆို  လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ (၁)ပြည်လျှင် ကာလပေါက်စျေးထက်လျှော့ချ၍  (၅၀၀၀)ကျပ်နှုန်းဖြင့် (၂၄)ပြည်ပါဆန်အိတ်(၁၀)အိတ် (၁၀)လုံး၊ အိမ်ထောင်စု(၂၄၀) အိမ်ထောင်စုတို့အား ရောင်းချပေးနိုင်ခဲ့ပြီး စလင်းမြို့ပေါ်(၈)ရပ်ကွက်အား  အလှည့်ကျ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို ဆန်စက်လုပ် ငန်းရှင်များအသင်း  ထံမှ  သိရသည်။

(မောင်လွင်)စလင်း