(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်‌နိုင်ရေး လေ့ကျင့်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး

ငပုတော ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက ၊ အရေး၊အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်‌နိုင်ရေး လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အုပ်ချုပ်သူနည်းပြနှင့် ပြိုင်ပွဲဝင်များအာ ခရိုင်အဆင့်မှတိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်အထိ ကြိုးစားသွားကြရန် ပြိုင်ပွဲဝင်များ၏ ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။

အောင်သူ (ပြန်/ဆက်)