ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်စောင့်ရှောက်မှုခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကျောင်ကျန်းမာရေးစောင့်ရှောက်မှုများစစ်ဆေးခြင်းများကို အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့ပါသည်။
အဆိုပါ မြို့နယ်ကျောင်ကျန်းမာရေးကော်မတီသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူမျာအား ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကမာရွတ်မြို့နယ်တွင် အထက်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်(၁၆)ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်(၇)ကျောင်းနှင့် ဘုန်တော်ကြီးသင်ကျောင်း(၁)ကျောင်းတို့ကို ကျောင်းကျန်းမာရေးများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
မြို့နယ်ပြန်ဆက်