ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ဒဂုံ ဇွန် ၂၇

ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် (၇) နာရီခွဲအချိန်က ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အရှေ့ဈေးလမ်းရှိ “ပန်တျာအခွန်လွတ်” ဈေးတွင် မြို့နယ်ရုံးဦးဆောင်၍ ကျန်းမာရေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးဝန်ထမ်းများဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်း၊ စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေးနှင့် ဖော်မလင်သုံးစွဲရောင်းချမှု မရှိစေရေးအတွက် စစ်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကိုဗစ်-၁၉ ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ခွင့်မပြုဆိုးဆေးနှင့် ဖော်မလင်အကြောင်း သိကောင်းစရာနှင့် အစားအသောက်ကိုင်တွယ် ရောင်းချသူများ သတိပြုလိုက်နာရန် အချက်များကို အသိပေးဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရသည်။

လဲ့လဲ့ (ပြန်/ဆက်)