သာစည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းတစ်ဧက စပါး(၁၂၇)တင်းထွက်ရှိ

သာစည် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မင်းလှကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကွင်းအမှတ်(၁၈၄၂) ဦးပိုင်အမှတ်(၁၇) တောင်သူဦးကိုကိုကြီး၏ နွေစပါး(GW-18)(၁.၀၀)ဧကတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စံကွက်ရိတ်သိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကြပြီး သက်ဆိုင်ရာဌာနဝန်ထမ်းများက(၁.၀၀)ဧက စံကွက်ကိုရိတ်သိမ်းရာ တစ်ဧက စပါး(၁၂၇)တင်းထွက်ရှိကြောင်း သိရသည်။ သာစည်မြို့နယ်တွင် ဘိုကုန်း၊ မြို့မနှင့် မင်းလှကျေးရွာတို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးဧက(၁၀၀) စိုက်ပျိုးထားကြောင်းနှင့် မြို့နယ်အတွင်း စုစုပေါင်းနွေစပါးစိုက်ဧက (၆၅၉)စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)