မှော်ဘီ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က မင်းရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာမှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်မင်းရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မှော်ဘီခရိုင်အားကစားတာဝန်ခံ ဒေါ်လဲ့လဲ့လွင်မှ အားကစားပြုလုပ်ရခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး၊ မှော်ဘီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစးအရာရှိဦး စန်းဝင်းမှလူငယ်နှင့် စာဖတ်ခြင်းအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့မှ သရုပ်ဖော်ပြသကာမှော်ဘီခရိုင်အားကစားတာဝန်ခံဒေါ်လဲ့လဲ့ လွင်မှအားကစားပစ္စည်းများ ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီအေးထံထောက်ပံ့လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကိုကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)