ရမည်းသင်း ဇွန် ၂၈
ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနသင်းရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရမည်းသင်းမြို့နယ်၌အသက်၂ နှစ်အထက် ပြည်သူများအား ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် လူကုန်ဆင်ခြေထောက်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းစီမံချက် အသိပညာပေးဆွေးနွေးကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ရမည်းသင်းမြို့နယ်အတွင်းရှိ အသက် ၂ နှစ်အထက်ပြည်သူများအား ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် လူကုန်ဆင်ခြေထောက်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံကိုအသိပညာပေး ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းစုစုပေါင်း (၁၅၅) ဦးတက်ရောက်ကြပြီးရမည်းသင်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် လူကုန်ဆင်ခြေထောက်ဆေးတိုက်ကျွေးရန် အသက်၂နှစ်အထက်ပြည်သူ ၂၆၇၉၇၈ ဦးအား တိုက်ကျွေးရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)