ပြည်မြို့၌ ၂၀၂၄-ခုနစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည် ဇူလိုင် ၂

ပြည်မြို့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄-ခုနစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုးဦးဟန်က ပြည်နည်းပညာတက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်​ထံ ပျိုးပင်များစိုက်ပျိုးရန် ပေးအပ်သည်။

ယင်းနောက် ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း​အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ​ပြည်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား  (၆၅၀) ခန့်နှင့်အတူ သရက်၊ ပိန္နဲ၊ ဒန့်ဒလွန်၊ ပေါက်ပန်းဖြူ/နီ၊ ကြောင်လျှာ၊ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မယ်ဇယ်၊ တမာ အပါအဝင် သီးပင်စားပင်နှင့်အရိပ်ရပင်မျိုးစုံ ပျိုးပင်ပေါင်း (၈၇၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)