တံတားဦး ဇူလိုင် ၁
တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၄၆၇၆၄) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့နယ်တွင် မိုးစပါး (၁၄၅၇၅) ဧက၊ မိုးပဲမျိုးစုံ (၁၂၅၉၁) ဧက၊ မိုဆီထွက်သီးနှံစုံ (၄၅၆၉၄) ဧက၊ မိုးစားဖိုဆောင် (၈၃၅) ဧက၊ မိုးအခြားသီးနှံဖြစ်သည့် နှံစားပြောင်း၊ ဖူးစားပြောင်း၊ ကျွဲနွားစာအဖြစ် (၅၉၈၉၂) ဧက၊ မိုးဝါမျိုးစုံ (၄၈၇၀) ဧက၊ မိုးကြံ (၈၁) ဧက၊ သစ်သီးနှစ်ရှည်ပင် (၇၂၃၃) ဧက စိုက်ပျိုးမည်ဖြစ်ကြောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှသိရသည်။
မိုးရာသီရာတွင် သီးနှံမျိုးစုံ ထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့် ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်း မျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)