မိုင်းပျဉ်း ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့် ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှုအား ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့တို့ ပူးပေါင်းကွင်းဆင်းခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော အတိုင်းအတာ (၃၅၀' x ၁၆' x ၆") ရှိသည့် ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်းကို ခေတ်ဦးနိုင်ကုမ္ပဏီမှတာဝန်ယူ၍ (၁၅−၅−၂၀၂၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၁၀၀%) ပြီးစီးပြီဖြစ်သောကြောင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့ ပူးပေါင်းကာ လမ်းအရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိနှင့် သတ်မှတ်အတိုင်းအတာပြည့်မီခြင်း ရှိ၊ မရှိ ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)