ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ပညာလင်းရောင် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ
Sep 24,2025
ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့်စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နံနက် ၉ နာရီကအဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။