ဥပဒေရေးရာဝန်ကြီးဌာန၏ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအကြောင်းအသိပညာပေး
May 18,2026
ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)ချက်အရ ကရင်ပြည်နယ်ဥပဒေချုပ်ဒေါ်နော်သန်းသန်းငြိမ်း ဦးဆောင်၍ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများသည် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၁၇ ရက် နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာနှင့် လှာကာကျေးရွာများသို့ ကွင်းဆင်း၍ ဥပဒေအသိပညာပေးဆွေးနွေးဟောပြောသည်။