သတင်းများ

မြစ်ကြီးနားမြို့၊‌ ငွေပျော်စံပြ‌ကျေးရွာ၌ သဘာဝဘေးအသိပညာပေး၊ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 24,2025
ကချင်ပြည်နယ်၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ စားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့ အခြေခံပညာကျောင်းများရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ရောဂါ (DT) ကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ရောဂါ (DT)ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှကလေးငယ်များအား ကျန်းမာရေးဦး စီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိသည်။
ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီအချိန်၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Sep 24,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စိန်တောင်၊ ထောင်ကေးကျေးရွာများရှိ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်(ခွဲ) မုဒုံမြို့၌ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လက်နက်/ ခဲယမ်းများနှင့် အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားသို့ တက်ရောက်
Sep 24,2025
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းပြီး လက်နက်/ ခဲယမ်းများနှင့်အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ် (၂၅) ခြေလျင်တပ်ရင်းအောင်ဆန်းခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်အတွင်း ကျွဲကောပင်များ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့တွင် အများအပြားစိုက်ပျိုး
Sep 24,2025
မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြိုအနီးဝန်းကျင်တစ်ဝိုက်တွင် ကျွဲကောပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မုဒုံမြို့နယ်အတွင်း၌ ကာလ ရှည်သီးနှံများနှင့် အခြားသီးနှံများကိုလည်း တောင်သူများမှအများအပြား စိုက်ပျိုးကြသည်။
ရွှေတောင် မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 24,2025
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရော ဂါကာကွယ် ဆေးထိုးနှံခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများအား ကြက်ဥနှင့် နွားနို့တိုက်ကျွေး
Sep 24,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကြက်ဥနှင့်နွားနို့အာဟာရတိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။