သတင်းများ

အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ ဖျော်ဖြေတင်ဆက်
Sep 24,2025
(၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပ သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်
Sep 24,2025
မွန်ပြည်နယ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော
Sep 24,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်း အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း တစ်ထောင် လေးရာခြောက်ဆယ့်ရှစ်ဦးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် အတည်ပြုပေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်
Sep 24,2025
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသ
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူအသိပညာပေး ကွင်းသရုပ်ပြသပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲက အုန်းပင်ခြံကျေးရွာအုပ်စု၊ ‌အုပ်ပင်ခြံကျေးရွာရှိ တောင်သူဦးရဲလွင်၏ ဆင်းသုခ မျိုးစပါး ၅ ဧက စိုက်ကွင်းတွင် ပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်နေရာများတွင် ရေဝင်ရောက်များ ဖြစ်ပေါ်
Sep 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်းရှိ မြေနိမ့်ရာနေများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။