သတင်းများ

နောင်တရားမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
May 18,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းလောင်းမြို့နယ်၊ နောင်တရားမြို့တွင် ရပ်ကွက်(၃)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းကို ရတနာရန်နိုင်စေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိ
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာနမှူးရုံး၌ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှုအခြေအနေအား ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေး၊ မကူးစက်နိုင်သောရောဂါများရှာဖွေကုသ
May 18,2026
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)နှင့် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် မကူးစက်နိုင်သောရောဂါများ ရှာဖွေကုသခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါကင်းကုန်းဘုရား၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးအသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို  မေလ(၁၇)ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ရွှေဘိုမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မေလ(၁၈)ရက်နေ့က  ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မြေငှားဂရမ်ဆောင်ရွက်မည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌ပေး
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို မေ ၁၈ ရက် နံနက် ၇ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။