သတင်းများ

ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 24,2025
ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က   မြို့နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ်တွင် အခြေခံစားကုန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးလိုက်လံစစ်ဆေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအခြေခံစား သောက်ကုန်များဝယ်ယူစားသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချသောအခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိကို ယနေ့နံနက်ကဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလိုက်လံ စစ်ဆေးနေကြကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများ ‌ရေဝင်နစ်မြုပ်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရန်းပြုတ်ထွက်မှုနှင့် သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေကျဆင်းမှုတို့အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံပညာကျောင်းများအတွင်းသို့ ရေဝင်နစ်မြုပ်မှု၊ လယ်မြေများ ရေဝင်ရောက်မှု၊ သဲဖြူကျေးရွာသံဘေလီတံတား လက်ရမ်းပြုတ်ထွက်မှုနှင့် တံတားကြမ်းခင်းပျက်စီးမှုအခြေအနေ၊ သနပ်ချောင်းပိတ်တမံရေပိုလွှဲမှ ရေများကျဆင်းမှုအခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆုံဆို့၊ မေးခိုင်ကာကွယ် ဆေးနှင့်သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Sep 24,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ  အခြေခံပညာကျောင်းများ၌   ကျောင်းသား/သူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အလက(ခွဲ) ဗိုလ်ချုပ်၊ မူလွန်(၂)ကျောင်း၊ ညောင်လေးပင်  မူလွန်နှင့်ကံသာမြင့် မူလွန် ကျောင်းတို့၌ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ပညာလင်းရောင် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ
Sep 24,2025
ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့်စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နံနက် ၉ နာရီကအဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးပြည်သူ့ဆေးရုံ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း
Sep 24,2025
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖြူးမြို့နယ် အမြန်လမ်းမကြီးရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်များမှပြည်သူ့ အကျိုးပြုအနေဖြင့်စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်ကဖြူးခုတင် (၁၀၀)ဆံ့ ပြည် သူ့ဆေးရုံ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
ရေဖြူမြို့၌ သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရန် မြို့နယ်သစ်တောဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေဖြူမြို့မရပ်ကွက်အတွင်း စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Aerobic & Fitness Dance သင်တန်းဆင်းပွဲကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က ကျင်းပခဲ့သည်။