သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ စိုးသူအောင် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ ရှစ်မျက်နာဘုရားကြီးဓမ္မာရုံအတွင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 25,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းပြုစုခြင်းနှင့်ကပ်ထားကြေငြာခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေမျိုးနှင့်အဖွဲ့ဝင်များ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Sep 25,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လောကနတ်ခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်လူနေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးသည့် ဆောက်လုပ်ရေးသုံးပစ္စည်း သံချောင်းလုံးများ မြို့ဟောင်းဘူတာသို့ရောက်ရှိ
Sep 25,2025
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်  မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ လူနေ အဆောက်အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီး၊ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှအိမ်အမျိုးအစားအလိုက်ဆောက်လုပ်ရေးသုံးပစ္စည်း များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
မိုးနဲမြို့နယ်၌ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Sep 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁၀) နမ့်ဟူးပစ် အခြေခံပညာမူလတန်းကျောင်း၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။