ဒဂုံအရှေ့ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက စစ်ပင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ ရဲမှူးထွန်းထွန်းမြင့်က ရပ်ကွက်၊ ကျေးရွာများအတွင်း ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ဆက်စပ်မှုခင်းများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲသို့ မြို့မရဲစခန်းမှ ရဲမှူးထွန်းထွန်းမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ထောင်တလုတ်ရပ်ကွက်ရှိ ပြည်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ