မြောက်ဥက္ကလာပ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူများ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့ပါးစေရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးတို့အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Public Awareness)အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ၊ ဥက္ကလာသီရိပန်းခြံရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးရွေ့လျားယာဉ်(Awareness Mobile Vehicle)များဖြင့် အသိပညာပေးဆောင်ရွက်ချက် မှတ်တမ်းများပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ယာဉ်များတွင် အသိပညာပေးဆောင်ပုဒ် စတေကာများကပ်ပေးခြင်း၊ အမှိုက် ၄ မျိုး (အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ)ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသခြင်း၊ ဝန်ထမ်းများဖြင့် စွန့်ပစ်အမှိုက်အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် သီဆိုကပြခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာသို့ ရန်ကုန်မြို့ဝောာ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးချိုထွန်းအာင်၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုးဒေါ်နန်းတင်ယုဆွေနှင့်တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီးလွှတ်တာ်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းအာင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းသန်း၊ မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူးနှင့်အရာထမ်း၊ အမှုထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)