ကြံခင်း မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ယနေ့ ၉ နာရီအချိန်က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား ၃၀ တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက် ကသင်တန်းသားများအနေဖြင့် သင်တန်းကာလမှာ မီးသတ်တပ်ဖွဲ့မှ သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်များကို စိတ်ပါဝင်စာစွာ သင်ယူကြမှသာ ရပ်ကွက်ပြည်သူလူထု ကလေးထားယုံကြည်အားကိုးရသော သီးသန့်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် ရပ်ကွက်/ကျေးရွာများမှာ လုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးတွေမှာ မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်က မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုတဲ့ အဓိကတာဝန်ကြီး(၄)ရပ်ကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးနှင့် ပိုမိုကျွမ်းကျင်စေရေးတွက် ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် အခမ်းအနားတက်ရောက်လာကြသော ဌာနဆိုင်ရာများက အသီးသီးသင်ထောက်ကူပစ္စည်းများ ပေးအပ်ကြသည်။ အဆိုပါသင်တန်းအား ကြံခင်းမြို့နယ်အတွင်းရှိ မြို့မဈေးကြီးနှင့် ဘက်ရဲဈေးတို့မှ ဈေးလုံခြုံရေးဝန်ထမ်းများ၊ ဆီအရောင်းဆိုင်များမှ အရောင်းဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာတို့မှ သင်တန်းသား စုစုပေါင်း ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလကို မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ Man Power, Equipment Power, Technical Power ဆိုတဲ့တပ်ဖွဲ့ဝင်များ တစ်ဦးချင်းစွမ်းရည် မီးသတ်စက်ပစ္စည်း ကိရိယာများရဲ့ စွမ်းရည်၊ နည်းပညာကျွမ်းကျင်မှု စွမ်းရည်များ၊ ပြည့်စုံအောင် စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)