သတင်းများ

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် ဇူလိုင် (၁၉) ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့ကို အောင့်မေ့သတိရသောအားဖြင့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မန်ပန် (အ.မ.က) တွင် ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၉) ရက်က ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။
အသုတ်(မြို့မ)ဈေးအတွင်း ဆန်နှင့်စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ (မြို့မ)ဈေးအတွင်း ဆန်နှင့် စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရေကြည်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ တာဝန်ရှိသူများက ဆန်နှင့်စားအုန်းဆီ လက်လီလက်ကားရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေးသည်။
သမဝါယမကောလိပ်(မန္တလေး) နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ် (မန္တလေး)၏ နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်စာကြည့်တိုက်၌ ကျင်းပသည်။
မြစ်ရေဝင်ကျေးရွာများရှိ တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျေးရွာအချို့တွင် မြစ်ရေများ ဝင်ရောက်လျက်ရှိရာ ရေဝင်ဒေသရှိ တိရစ္ဆာန်များကို အမရပူရမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့က ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ စည်ပင်သာယာရေးဌာနမှ​ ဆောင်ရွက်သည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအား ကြည့်ရှုစစ်​ဆေး
Jul 10,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ယမန်​နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ​ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 10,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။