Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Jul 10,2024
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေနံနက် ၁၀ နာရီအချိန်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၁) ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၃) စက်မှုလယ်ယာစခန်းမှ ယမန်နေ့နံနက်ပိုင်းက တမြှာကျေးရွာအုပ်စု၊ တမြှာကျေးရွာ ကွင်းအမှတ်(၆၁)၊ ဦးပိုင်အမှတ် (၇၈)၊ တောင်သူ ဦးဌေးဝင်း၏လယ်မြေ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်
Jul 10,2024
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးဆည်၊ သပြေစမ်းဆည်၊ မြောက်ပိန်းဆည်နှင့် တောင်ပိန်းဆည်များ၏ ရေဝေရေလဲ ဧရိယာဖြစ်သော ဖိုးဇောင်းတောင်ပေါ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အထိရောက်ဆုံးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများအား ပြည်သူများ သိရှိလိုက်နာနိုင်စေရန် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းခြောက်ထောင်ကျော်ထုတ်ချေးပြီးစီး
Jul 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၈ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု ၆ အုပ်စု မိုးစပါးစိုက်ဧက ၄၁၃၉ အတွက် ချေးငွေပေါင်း ကျပ်သိန်း ၆၂၀၈ ဒဿမ ၅၀ ထုတ်ချေးပြီးစီးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က အ.ထ.က ထန်းသုံးပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3941
Page
3942
Page
3943
Page
3944
Current page
3945
Page
3946
Page
3947
Page
3948
Page
3949
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department