သတင်းများ

နတ်မောက်မြို့နယ်၌ စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဆီဖူလုံမှုရရှိပြီး ပြည်ပမှဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုနှင့် စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့် နွေနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းသဖြင့် စံကွက်များကို စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧကစိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး တစ်ဧကအထွက်နှုန်းတိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ တစ်ဧကအထွက်နှုန်းတိုးတက်၍ ဝင်ငွေတိုးလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် (၁၂) စင်တီမီတာ ကျော်လွန်ရောက်ရှိ
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၂၁၆၂) စင်တီမီတာသို့ ရောက်ရှိနေပြီး ပခုက္ကူမြို့၊ စိုးရိမ်ရေမှတ် (၂၁၅၀) စင်တီမီတာထက် (၁၂) စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အင်္ဂပူမြို့နယ်၊ အ.ထ.က(ဇောင်းတန်း)တွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဇောင်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ဇောင်းတန်း)ကျောင်း အင်ကြင်း‌ဆောင်ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ‌သော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ ပြုလုပ်ခဲ့သည်။
မိုးညှင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jul 10,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲကျင်းပ
Jul 10,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ သံလျှက်မော်တောင်ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ယမန်နေ့ ညနေက တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးများကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ယခုလ(၈)ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။