သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ယမန်နေ့ ညနေက တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးများကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ယခုလ(၈)ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကျေးသီမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် အသိပညာပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေး
Jul 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် အသိပညာပေးနှင့် ဆေးကုသပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လုံပုရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ရွှေရောင်တော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းလျက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်း နိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ရုံးဝန်းအတွင်း၌ ကျင်းပသည်။ ဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့သည်။
ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အသုတ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ပြင်ဦးလွင်မြို့နယ် အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် “အနာဂတ်ကိုပိုင်စိုးမည့်သူများ” ခေါင်းစဉ်ဖြင့်  လူငယ်ရေးရာ‌ဟောပြော‌ဆွေးနွေးပွဲ ကျင်းပ
Jul 10,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် (၉) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အ.ထ.က(ခွဲ) အောင်ချမ်းသာတွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 10,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံဆောင်ရွက်ခဲ့ကြသည်။