သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရေဘေးသင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်အပ်နှင်းပွဲသို့တက်ရောက်ချီးမြှင့်
Jul 11,2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် စံချိန်တင် မြစ်ရေကြီးမြှင့်ခဲ့မှုအပေါ် ရေလွှမ်းမိုးခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် နောင်တာလောရေလယ်ကျွန်း အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယမန်နေ့နံနက် ၇ နာရီခွဲက ကမ်းနားလမ်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းယန်းမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်မြဲတန်ဖိုးထားမမေ့အပ်စေရန် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှေ့၌  ကျင်းပခဲ့သည်။
ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Jul 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ် မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးပောာပြောပွဲ ဆောင်ရွက်
Jul 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နေ့လယ် (၂)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်‌ရေး အရန်သင့်စုဖွဲ့ထားရှိမှုနှင့်‌ ‌ရေဘေးကယ်ဆယ်‌ရေးစခန်းများ ဆောင်ရွက်‌ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်‌ရေး အရန်သင့်စုဖွဲ့ထားရှိမှုနှင့်‌ ‌ရေဘေးကယ်ဆယ်‌‌ရေးစခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး‌ ကျော်သန်း၊ အဖွဲ့ဝင် ဦးစန်းအောင်၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ယမန်နေ့နံနက် (၇)နာရီခွဲက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ကံမမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးနှိုးဆော်
Jul 11,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအုန်းဌေး၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၆) နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာကျောင်းများသို့ အသိပညာပေး ဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဉာဏ်ရည်များဖွံ့ဖြိုးတိုးတက်‌စေရန် အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က နန်းတော်ကုန်း အ.ထ.က(ခွဲ)ကျောင်း၊ ဖလံရုံ အ.လ.က ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ​အောင်ပွဲအခမ်းအနား ကျင်းပ
Jul 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ​အောင်ပွဲအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိဓမ္မာရုံ၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။