ကျောက်ဆည်မြို့နယ်တွင် နွေစပါးGW-11မျိုး စံကွက်ရိတ်သိမ်းရာ အစိုအထွက်နှုန်း(၁၅၀) တင်းထွက်ရှိ

ကျောက်ဆည် ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ၊ ကွင်းအမှတ် (၁၄၉)၊ ဦးပိုင်အမှတ်(၁၀၃/၂)၊ တောင်သူဦးအေးလွင်၏ နွေစပါးGW-11မျိုးစံပြရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ အစိုအထွက်နှုန်း (၁၅၀)တင်းထွက်ရှိကြောင်း သိရသည်။

စံပြရိတ်သိမ်းပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးအောင်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီဝင်များ၊ ဝန်ထမ်းများ၊ ဒေသခံစပါး စိုက်တောင်သူများ စုစုပေါင်း အင်အား (၅၈)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ကျောက်ဆည်မြို့နယ်အနေဖြင့်စပါးတစ်ဧက ပန်းတိုင်အထွက် နှုန်းထွက်ရှိရေးအတွက် စပါးများကိုသိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် ထွက်ရှိကြောင်းကို ကိုယ်တိုင်လေ့လာသိရှိနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်အောင်က ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံရေးအတွက် GW-11(၁၅၁)ဧက၊ ရွှေမနော်(၁၉၅၄)ဧက၊ မနောသုခ (၁၂၅)ဧက၊ ဆင်းသုခ (၈၀)ဧက စုစုပေါင်း နွေစပါး(၂၃၁၀)ဧကစိုက်ပျိုးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)