တနင်္သာရီမြို့ လုံးခရမ်းဓမ္မရိပ်သာင်းတိုက်၌ အာစရိယပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပ

တနင်္သာရီ  ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့-လုံးခရမ်းဓမ္မရပ်သာကျောင်းတိုက်ဓမ္မာရုံအတွင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှဆရာတော်များအား(ပထမ)အကြိမ်၊ အာစရိယပူဇော်ပွဲနှင့် လုံးခရမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝရသာမိ ၏ ၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း၂ရက် (၇-၇-၂၀၂၄)ရက်နေ့တွင်ကျရောက်သည့် (၇၂)နှစ်ပြည့်၊ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ချောင်းကြီးကျောင်းတိုက်၊ ချောင်းငယ်ကျောင်းတိုက်၊ ဘိုးဘွားရိပ်သာကျောင်း တိုက်၊ ဝင်္ကဘာသန္တိသုခ ကျောင်းတိုက်နှင့် မြသီတာကျောင်းတိုက်တို့မှ ဦးစီးပဓာနဆရာတော်များ၊ လုံးခရမ်းကျောင်းတိုက်ဦးစီးပဓာန ဆရာတော် အရှင်ဝရသာမိနှင့်ခန်းနေ သံဃာတော်များ၊ အရပ်ဝေးအရပ်နီးမှ ဆရာတော်များ၏ ဆွေတော်မျိုးတော်ဓမ္မမိတ်ဆွေများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ပထထမဦးစွာဆရာတော်/သံဃာတော် များနှင့်လူပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ဘုရားကန်တော့ပြီး အခမ်းအနားကိုဖွင့်လှစ်၍ လူပရိသတ်အပေါင်းတို့က ဆရာတော် ဘုရားများအား ဩကာသကန်တော့ချိုးဖြင့် ဝန်ချတောင်းပန် ပူဇော်ကန်တော့ကြသည်။

ထို့နောက် ချောင်းကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဏိစနှင့်မြို့ဦးပရိယတ္တိ ကျောင်းတိုက်ဦးစီး ပဓာနဆရာတော် ဘဒ္ဒန္တဇောတိက တို့က အာစရိယပူဇာနှင့် ဝိဇာတပူဇာဆိုင်ရာဩဝါဒများချီးမြှင့်ပေးတော်မူကြသည်။

ထို့နောက်စေတနာရှင်/အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြသည်။ ဆက်လက်၍ လုံးခရမ်းကျောင်းတိုက် ဦးစီးပဓာနဆရာတော် အရှင်ဝရသာမိက လူပရိတ်သတ်များအား ငါးပါးသီလချီးမြှင့် ပေးတော်မူပြီး အဘိဓမ္မာအဖွဲ့မှ ဒေါ်ရီရီဌေးက တရားတောင်းဂါထာကို ရွတ်ဆိုပူဇော်ပေးသည်။

ထို့နောက် လုံးခရမ်းဓမ္မရိပ်သာကျောင်း တိုက်ဦးစီးပဓာနဆရာတော် အရှင်ဝရသာမိက အနုမောဒနာတရားတော်ကို ချီးမြှင့်မြွက်ကြားပေးပြီး အလှူအစုစုတို့အတွက် အမျှဝေ သာဓုသုံးကြိမ်ခေါ်ဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် (၇၂)နှစ်မြောက်၊ ဆရာတော်ဝရသာမိ၏မွေးနေ့ကိတ်ကို အလှူရှင် ဒေါ်လှမြင့်မိသားစုက ဆက်ကပ်လှူဒါန်းပေးကာ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာပြီးဆုံးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)