လေးမျက်နှာမြို့နယ်တွင် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

လေးမျက်နှာ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁,၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးမြင့်ဇော်ဦး၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ကျော်သန်းက တက်ရောက်လာသူများအား KUBOTA(၆)တန်းသွား ကောက်စိုက်စက်ဖြင့် ယခုနှစ်မိုးရာသီတွင် လေးမျက်နှာမြို့နယ်အတွင်း မိုးစပါး(၃)ဧက စိုက်ပျိူးခြင်းဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိူးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိူးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိူးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ကောက်စိုက်စက်ဖြင့် စိုက်ပျိူးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦး‌စောဝင်းရွှေက မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ မြေခံပိုက်ဆံလျှော် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ‌လျှော် မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး စသည့်အကျိူးကျေးဇူးများ ရရှိကြောင်းရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိူးခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌သောင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)