အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်

အောင်လံ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ နှိုးဆော်မှုတွင် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ပြည်သူများသိရှိလိုက်နာဆောင်ရွက်စေရန် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကိုသိရှိစေရန်၊ ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန် အချက်အလက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်တို့ကို အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မြစ်ကမ်းဘေးရှိ ပြည်သူများအား ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)