ငပုတောမြို့နယ် အခွန်လွတ်ဈေးအတွင်း အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

ငပုတော ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူများ အ‌ခြေခံစားသောက်ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားအ‌ခြေခံစားသောက်ကုန်များကို အခွန်လွတ်ဈေးအတွင်း ယနေ့နံနက်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက် ဒေါနလမ်းရှိ အခွန်လွတ်ဈေးတွင်  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးနေပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့သည်။ ငပုတောမြို့မြောက်ပိုင်းရပ်ကွက်ရှိ ဒေါနလမ်းရှိ အခွန်လွတ်‌ဈေးတွင်  အပတ်စဉ် (တနင်္ဂနွေနေ့)တိုင်းတွင် ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက်ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးသီးရွက်နှင့် အခြားအခြေခံစားသောက်ကုန်များကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)