ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇူလိုင် ၈

သတင်းရေးသားခြင်း၊ သတင်းဗီဒီယိုရိုက်ကူးခြင်နှင့် သတင်းမီဒီယာကျင့်ဝတ်များကို သိရှိနားလည် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

သင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သတင်းရေးသားရာတွင် လိုက်နာရမည့် စကားလုံးအသုံးအနှုန်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်းသင်ကြားသည်။

ဆိုပါသင်တန်းတွင် ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများမှ ဦးစီးအရာရှိများ၊ ဓာတ်ပုံကျွမ်းကျင် (၂) နှင့် စာရေးဝန်ထမ်းများ တက်ရာက်ကြပြီး သင်တန်းနည်းပြများက သတင်းရေးသားနည်း၊ ဗီဒီယိုသတင်းတည်ဆောက်နည်းနှင့် ရိုက်ကူးနည်း၊ သတင်းမီဒီယာကျင့်ဝတ်များ၊ သတင်းဓာတ်ပုံရိုက်ကူးနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)