ပုဗ္ဗသီရိ ဇူလိုင် ၈
ပုဗ္ဗသီရိမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးနှမ်း လျာထားဧက (၄၂၈၇)ဧက အနက်တွင် (၄၆၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ယခင်နှစ် မိုးရာသီ မိုးနှမ်း (၄၂၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်း ၂၁ ဒသမ ၂၂တင်းနှုန်း ထွက်ရှိကြောင်း၊ ယခုနှစ် မိုးနှမ်း (၄၆၄) ဧက လျာထားစိုက်ပျိုးပြီး တောင်သူများအနေဖြင့် မေလဆန်းတွင် စတင်စိုက်ပျိုးကြရာ ဇူလိုင်လထိ (၄၆၄)ဧက စိုက်ပျိုးနိုင်ကြောင်းသိရပြီး နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရိတ်သိမ်းချိန်အထိ အပင်ပြုစုမှုနည်းစနစ်များကို လက်တွေ့အသိပညာပေးလုပ်ငန်းများနှင့်ပေါင်းစပ်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် ပိုးမွှားများကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေး ပြုလုပ်သုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာပေးလျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)