မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း  ဇူလိုင်  ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၄ ခုနှစ် Grade-12 တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီး မြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ဇူလိုင်(၇)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားကို အထက-နောင်ကိုင်တော် ကျောင်းသား/ကျောင်းသူများမှ "အနာဂတ် လူရည်မွန် ” သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားပြီးမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နွယ်နွယ်က ပညာရေးနှင့်ပတ်သက် သည်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူး ဗိုလ်မှူးကြီးဇော်ဝင်းနှင့် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဗညားအိန် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်မြို့နယ် အဆင့်ဌာန ဆိုင်ရာများက (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၄၄)ဦးတို့အား ဂုဏ်ပြုဆုအသီးသီးချီးမြှင့်ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကြပြီး ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အထက(၂)မိုးကောင်း ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး စုပေါင်းအမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူးဗိုလ်မှူးကြီးဇော်ဝင်းနှင့် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဗညားအိန် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ် ကြက်ခြေနီ အသင်း အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျောင်းသား မိဘများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)