ကလောမြို့နယ်၌ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းဆောင်ရွက်

ကလော ဇူလိုင် ၈

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ခြင်အန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ ကလောမြို့ အမှတ် (၁၀) ရပ်ကွက်၊ မိန်းလမ်းမကြီးဘေးရှိ ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးစေရန် ရေနုတ်မြောင်းများ ဆည်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ခြင်ကောင်များ ပေါက်ဖွားမှုလျော့နည်းစေခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေခြင်း၊ မိုးရွာသွန်းချိန်မြောင်းရေလျှံမှုမရှိစေခြင်း၊ အများပြည်သူ သွားလာရာလမ်းမကြီးဘေးဖြစ်သည့် အတွက်ကြောင့် လမ်းမကြီးပေါ် ရေကျော်ခြင်းများ မဖြစ်စေတော့ပဲ ကလောမြို့ သန့်ရှင်းသာယာလှပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)