ဘိုကလေး ဇူလိုင် ၈
ကျောင်းသား/သူများ မိုးတွင်းရာသီကာလ၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများကင်းဝေးစေရေးနှင့် ကျောင်းပတ်ဝန်းကျင်၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘိုကလေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများအား ယနေ့နံနက်(၈)နာရီမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
ရေစီးရေလာ ကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ယန္တရားများဖြင့် ကျောင်းပတ်ဝန်းကျင်မှ ပိတ်ဆို့နေသော ရေဆိုးမြောင်းများအား တူးဖော်ဖောက်လုပ်ခြင်း၊ ရေစီးရာလမ်းကြောင်းတစ်လျှောက်ရှိ အမှိုက်သရိုက်များအား ဖယ်ရှားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း သွားရောက်ကြည့်ရှု ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)