ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး၊ လက်တွေ့စမ်းသပ်မဲပေး
Sep 03,2025
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများသိရှိနားလည်စေရန် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲက သာသနာ့ဝိပုလ္လဓမ္မာရုံ၌ ကျင်းပသည်။