သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်
Sep 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့်  အထူးကုဆရာဝန်များက  ဗြန့်ကြီးကျေးရွာအုပ်စု၊ ကညင်ချောင်းကြီးကျေးရွာ၊ ဇေတဝန်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ဆီဆိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 26,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် RSV အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့် စနူကာအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
Sep 26,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) အားကစား နှင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင် အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့်စနူကာအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးသီးနှံအပြီး ဆောင်းသီးနှံ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် တွေ့ဆုံ၊ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး
Sep 26,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း မိုးသီးနှံအပြီး ဆောင်းသီးနှံရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများပေးအပ်
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းကာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား  ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မင်းဘူးခရိုင်အတွင်း၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိ
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 26,2025
‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္မမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတက္ကသိုလ် URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။