သတင်းများ

မဲစာရင်းမှန်ကန်ရေးစစ်ဆေးရာသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး
Sep 26,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျမှန်ကန်စေရေး၊  အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်ရုံး၌ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ မြို့နယ်ကော်မရှင်မှ ဝန်ထမ်းများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
Sep 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့် (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၅) ရက်တာ ဖွင့်လှစ်
Sep 26,2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌‌ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၅ ရက်နေ့က ကော့သောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်ပွဲကျင်းပခဲ့ရာ သင်တန်းဖွင့်ပွဲတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကောက်ကောက်ညွှန့်များ ချိုးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Sep 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်သူများသည် နှစ်ရှည်၊ နှစ်တိုဉယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းအပြင် သဘာဝတောတောင်၊ ချောင်းစပ်နှင့်ဓနိတောစပ်များမှ ထွက်ရှိသည့် ရာသီပေါ်အသီးအရွက်များကို ဆွတ်ခူးရောင်းချလျက်ရှိရာ ရာသီပေါ်ကောက်ကောက်ညွှန့်များအား ခူးဆွတ်ရောင်းချခြင်းဖြင့် ပြည်သူများ ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။
သီတင်းကျွတ်ရုံးပိတ်ရက် လေ့လာစရာ များပြားလွန်းသည့် ပုဂံဒေသ လေ့လာသင့်သော နေရာများ
Sep 26,2025
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ ကြားလိုက်ရရင်ဖြင့် ရွှေစည်းခုံစေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် မြစ်တစ်ဘက်ကမ်း တုရင်တောင်စွယ်တော်မြတ်စေတီတို့အပြင် အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ ဗူးဘုရားတို့ကို ပြေးမြင်မိမှာ မလွဲဧကန်ဖြစ်နေလိမ့်မည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ရွာငံမြို့နယ်တွင်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်း‎နှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်
Sep 26,2025
‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ပွေးပြတ်ကျေးရွာ ရွှေပွင့်လင်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးလုပ်ငန်းကို ယနေ့တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။