သတင်းများ

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 26,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ စက်တင်ဘာ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကြောင်း သိရသည်။
သာယာဝတီမြို့၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်လှစ်
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Sep 26,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လသာမြို့နယ်၌ ဆုံဆို့မေးခိုင် (DT) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း ဆောင်ရွက်
Sep 26,2025
ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မင်းတုန်းမြို့တွင် တည်းခိုခန်းအဆောက်အဦ မီးဘေးလုံခြုံရေးစစ်ဆေး
Sep 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် အမှတ်(၃)ရပ်ကွက်ရှိ စံပြမောင်တည်းခိုခန်းအဆောက်အဦအား ဒုမီးသတ်ဦးစီးမှူး ဦးစိုးမင်းနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
မိုးနဲမြို့နယ်၌ ဝင်ငွေရ နှစ်ရှည်သီးနှံပျိုးပင်များ အခမဲ့ဖြန့်ဝေ
Sep 26,2025
ရှမ်းပြည်နာ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပျိုးဥယျာဉ်အတွင်း ‌ဝင်ငွေရ နှစ်ရှည်သီးနှံပင်များ ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 26,2025
ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အသင်းတို့ပူးပေါင်း၍ စက်တင်ဘာလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက ဝန်ထမ်းစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံ
Sep 26,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့သို့ ရောက်ရှိပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။