ပြည် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် "နယ်လှည့်အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပေါင်းတလည်ကျောင်းတွင် လည်းကောင်း၊ နေ့လည်ပိုင်းတွင် အ.မ.က မြောင်းဆုံကျောင်းတို့တွင် လည်းကောင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က ပေါင်းတလည် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် လူငယ်မောင်မယ်များ စာပေအလေ့အထရှိစေရေး၊ ဗဟုသုတရှာဖွေတတ်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ကဏ္ဍစုံလင်စွာဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ နေ့လယ်ပိုင်းတွင် အ.မ.က မြောင်းဆုံကျောင်းတွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားလူငယ်များ ဗဟုသုတတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း (ပြန်/ဆက်)