ဗိုလ်တထောင်မြို့နယ် အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းဆေးပညာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ဗိုလ်တထောင် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ “တိုင်းရင်းဆေးပညာ မိတ်ဆက်နှင့် မိုးရာသီတွင် ဖြစ်ပွားသောရောဂါများအား တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခြင်း” အကြောင်း ကျောင်းသား၊ ကျောင်းသူများ (၁၅၀) ဦးခန့်အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းသား (၂၀) ဦး၊ ကျောင်းသူ (၃၅) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးမှ ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)