ထားဝယ် ဇူလိုင် ၆
ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့်ဧရိယာများတွင် ဆားငန်ဒဏ်ခံစပါးမျိုးများစိုက်ပျိုးခြင်းနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက တိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး(၂၂၂,၄၇၆) ဧက စိုက်ပျိုးမှာဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့် အလျောက်အချို့သောဒေသများ၌ ပင်လယ်ရေ ငန်ဝင်ရောက်နိုင်သော လယ်မြေ(၁၅,၂၀၁)ဧက ရှိနေတာကို စိစစ်တွေ့ရှိရကြောင်း၊ ဆားငန်ဓါတ်ရှိသောဧရိယာများတွင် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် စပါးစိုက်ပျိုးထုတ်လုပ်ခြင်းအပေါ် ဆိုးကျိုးသက်ရောက်သည့် စိန်ခေါ်မှုများရှိကြောင်း၊ ပင်လယ်ရေငန်ဝင်ရောက်နိုင်သော စိုက်ပျိုးဧရိယာအချို့တွင် တောင်သူများ စိုက်ပျိုးနေကျ စပါးမျိုးများကိုစိုက်ပျိုးသည့်အခါ အထွက်နှုန်းလျော့နည်းလာခြင်းကို ကြုံတွေ့ကြရမှာဖြစ်သောကြောင့် အခက်အခဲကိုဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ဆား ငန်ဒဏ်ခံစပါးမျိုးများကို စမ်းသပ်စိုက်ပျိုး ထုတ်လုပ်နေသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင် ဖိတ်ခေါ်ပြီး ပညာရှင်၏သုတေသန တွေ့ရှိချက်များ ပေါင်းစပ်ကာ ပင်လယ်ရေငန်ဝင်ရောက်သည့် ဧရိယာများတွင် အထွက်နှုန်းတိုးတက်ရရှိရေးအတွက်မျှော်လင့်ပြီး ဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူများ၏ လယ်မြေများတွင်ပင်လယ်ရေငန်ဝင်ရောက်မှုကြောင့် အထွက်နှုန်းလျော့နည်းခြင်းကို လျှော့ချနိုင်သည့်အတွက် စပါးအထွက်နှုန်းတိုးတက်ခြင်းဖြင့် ဒေသဝမ်းစာဖူလုံမှုကို အထောက် အကူပြုစေမှာဖြစ်ကြောင်း၊ အထွက်တိုးတက်ခြင်းကြောင့် တောင်သူများဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝတိုးတက်ရရှိလာစေရုံသာမက သုတေသနဌာနများက ပို့ချသည့်နည်းပညာများကိုလည်း တောင်သူများ လက်တွေ့ကျင့်သုံးလာနိုင်မည်ဖြစ် သည့်အတွက်စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာနိုင် မှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်မရှင်းလင်းသည်များကို ပွင့်လင်းစွာဆွေးနွေးမေးမြန်းကြပြီး းရရှိသောနည်းပညာအတွေ့အကြုံများကို မိမိနီးစပ်ရာ တောင်သူများထံမျှဝေပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးက တက်ရောက်လာသော တောင်သူများအား ဆားငန်ခံစပါးမျိုးများ ပေးအပ်ပြီးထို့နောက် ဒေသသုတေသနခြံ(မြောင်းမြ) တာဝန်ခံ ဒေါက်တာဖြူပြာလွင်က ပင်လယ်ဆားငန်ရေ ဝင်ရောက်နိုင်သည့်ဧရိယာများတွင် ဆားငန်ဒဏ်ခံစပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာများ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများက အမှတ်(၄)အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)