မဟာအောင်မြေ ဇူလိုင် ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပညာရှင်အဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် မန္တလေးတက္ကသိုလ် Research Methodology with Statistical Analysis သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မန္တလေးတက္ကသိုလ် ၅ ထပ်ဆောင် အခန်း ၂၀၉ တွင် ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက သင်ကြားသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တို့က သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ မန္တလေးမြို့နှင့်စစ်ကိုင်းမြို့ပေါ် ရှိ တက္ကသိုလ်များနှင့်ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း