ကလော ဇူလိုင် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် အမှတ်(၃)ခြေမြန်တပ်ရင်းဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထိုသို့ကြိုဆိုရာတွင် ရှေ့တန်းပြန်ရောက်လာကြသည့် ပြည်သူ့တပ်မတော်သားများကို ရဟန်းသံဃာတော်များ၊ ကလောတပ်နယ်မှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့ဝင်မိသားစုများက အောင်သပြေပန်း၊ ပန်းစည်း၊ ပန်းကုံးများနှင့် အိုးစည်ဘုံမောင်းများဖြင့် သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)