ဝါးခယ်မ ဇူလှိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ဒေသန္တရ စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေလွင်မိုးတို့က အဖွင့်အမှာစကားများပြောကြားပေးပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ၂၀၂၇ - ၂၀၂၈ဘဏ္ဍာနှစ် စီမံကိန်းလျာထားလုပ်ငန်းများကို ဒေသလိုအပ်ချက်များဖြင့် ကိုက်ညီစေရေးသက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများတက်ရောက်၍ ဌာနဆိုင်ရာအလိုက်ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)