ကျိုက်လတ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှုအဆိုပြုချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်တို့က ဒေသန္တရစီမံကိန်း လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်း လျာထားတင်ပြချက်များကိုဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းများအတည်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)