သနပ်ပင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

သနပ်ပင် ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၂ ရက်နေ့ နံနက် ၉ နာရီက ကျားခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်က အမှာစကားပြောကြားပြီး သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်က ကျေးရွာဒေသဖွံဖြိုးရေးပတ်သတ်သည့် အကြောင်းအရာများ၊ ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိမြို့ပြ (တာဝန်) ဒေါ်မေဇော်ဦးက တံတားနှင့် ကုန်ထုတ်လမ်းအကြောင်းအရာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုချစ်မော်က ကျေးလက်ဒေသမီးလင်းရေးဆိုင်ရာ အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများ၊ မြို့နယ်ကုသရေးဦးဌာနမှူး ဒေါက်တာခွန်စောထွန်းက ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့်ကိစ္စရပ်များ၊ အသီးသီးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)