မိတ္ထီလာ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂ဝ၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများ၏ သင်တန်းဆင်းလက်မှတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းသားတစ်ဦးထံသို့ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆန်း၊ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက တွေ့ဆုံနှုတ်ဆက်အားပေးသည်။ အဆိုပါသင်တန်းကို ရက်သတ္တပတ် (၂) ပတ် ဖွင့်လှစ်ခဲ့ပြီး မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ သင်တန်းသားသင်တန်းသူ ၅ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ