နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စျေးကော်မတီဝင်များက ဒေသခံပြည်သူများမှ အသားဆိုင်များတွင်ဝယ်ယူရာ၌ စိတ်ချမ်းသာစွာဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချစေရန် အမဲသားတစ်ပိဿာ(၂၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၃၄၀၀၀)ကျပ် စျေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ အသားစျေးနှုန်းများကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက Hand Speaker ဖြင့်ကြေညာ၍ ရောင်းချပေးခြင်းတို့ကို နေ့စဥ်စောင့်ကြည့်ကြပ်မတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း