သတင်းများ

ဟင်္သာတမြို့နယ် အုတ်ပုံကျေးရွာအထက်တန်း ကျောင်း(ခွဲ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး နှင့်နယ်လှည့်အသိ ပညာပေးဟောပြောပွဲ၊နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့် အသိပညာပေး ၊နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလတ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၂ နေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရေဦးတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ ပြိုင်ပွဲများ ကျင်းပ
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဇူလိုင် ၁၂ နေ့နံနက် ၉နာရီ ၃၀ မိနစ်က အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ စကားပုံဆက်ပြိုင်ပွဲ၊ နံရံကပ်စာ‌ စောင်ပြပွဲ၊ စာအုပ်ပြပွဲတို့ကို ကျင်းပပြလုပ်ခဲ့သည်။
မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ဇူလိုင် ၁၂ နေ့ နံနက် ၁၀ နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး “အလင်းရောင်စာ ကြည့်တိုက်” ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင် လှူဒါန်းပွဲအခမ်းအနားပြုလုပ်
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် တိုးတက်မြှင့်မားရေးအတွက် နတ်မော်ကျေးရွာအုပ်စုရှိ “အလင်းရောင်စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်း‌ကျောင်း၌ အမှတ်စဉ်(၂၀) ဆရာဖြစ် ဒီပလိုမာအောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သင်တန်းအမှတ်စဉ်(၂၀)ဆရာဖြစ် ဒီပလိုမာအောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း၊ လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ခေတ္တယာယီပိတ်ထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၂၅၅၀) စင်တီမီတာဖြစ်ပြီး ယမန်နေ့ ၃ နာရီခွဲအချိန် မြစ်ရေတိုင်းတားချက်အရ (၂၅၆၂) စင်တီမီတာထိ ရောက်ရှိလာပြီး စိုးရိမ်ရေအမှတ်ထက် (၁၂) စင်တီမီတာ မြင့်တက်လာခဲ့ကြောင်း သိရသည်။